ကျွန်းစုမြို့တွင် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကျွန်းစု မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်‌အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်အား စုပေါင်းညီညာစွာ ရွတ်ဆိုခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ပြိုင်ပွဲတွင် အသက် (၂၅) နှစ်အောက် အမျိုးသား (၉) သင်း၊ အမျိုးသမီး (၆) သင်း  ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ် (၃) ရပ်ကွက် အသင်းနှင့် ကတ္တလူကျေးရွာ  အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ( - ) ဖြင့် ကတ္တလူကျေးရွာအသင်းက အနိုင်ရရှိခဲ့ကြောင်း၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မေလ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)