တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်အောက်၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှု(TSDP)အစီအစဉ် အရ ၂၀၂၄ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဖလား အသက်(၂၀)အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်မှစ၍ မြို့နယ်အားကစားခန်းမအတွင်းအုပ်စု(က)မှ ချောင်းကြီးရပ်ကွက် အသင်းနှင့် အုပ်စု(ခ)မှ ရွှေ လိပ်ပြာအသင်းတို့ စည်ကားစွာ ယှဉ်ပြိုင်ကစားကြရာ ချောင်းကြီးရပ်ကွက်အသင်းက (၅ဂိုး-၂ဂိုး)ဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။

အဆိုပါ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ရပ်ကွက်အတွင်းရှိ အားကစားဝါသနာရှင်များက တခဲနက်အားပေးကြည့်ရှုခဲ့ကြသည်။

အစီအစဉ်အရ ညနေ ၄ နာရီ ၃၀ အချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ-ပထမဆုရရှိသည့်  ချောင်းကြီးရပ်ကွက်အသင်းရှိ အားကစားသမားတစ်ဦးချင်းစီအား  ဆုတံဆိပ်များနှင့် ငွေသားဆု-တံခွန်စိုက်ဒိုင်းဆုတို့ကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်သက်ထူးက ချီးမြှင့်ပေးသည်။

ဆက်လက်၍ ဒုတိယဆုရရှိသည့် ရွှေလိပ်ပြာအသင်းကို  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် ကတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း/ တတိယဆုရရှိသည့် ချောင်းငယ်ရပ်ကွက်အသင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်ကျော်ခေါင်က တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုတို့ကိုအသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။

ဆက်လက်၍ ဒိုင်လူကြီးများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးကျော်သူအောင်က အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အကောင်းဆုံး အားကစားသမားဆုရရှိသည့် ချောင်းကြီး အသင်းမှကျောနံပါတ်(၇)အား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းကလည်းကောင်း/ပွဲစဉ်တစ်လျှောက်ဂိုးအများဆုံး ဆုရရှိသူ ချောင်းကြီးအသင်းမှ ကျောနံပါတ်(၁၀)အား မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းလွင်ကလည်းကောင်း ဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်ကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)