ကော့သောင်း မေ ၂၈
ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အခြေခံပညာ အထက် တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၀)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၁) ဦး၊ စုစုပေါင်း (၂၁) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား/သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာပေများကို ရှာဖွေဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့သိရှိလာသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူအချင်းချင်း ဆွေးနွေးပြောကြားခြင်းများအပြင် ကျောင်းသား/သူများမှစ၍ အုပ်ထိန်းသူ/ မိဘများ၊ ရပ်ရွာလူထုများအထိပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ ရောက်ရှိနိုင်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲအား ကျင်းပခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုလည်း ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်သိရသည်။
ခရိုင်(ပြန်/ဆက်)