တနင်္သာရီမြို့နယ် Community Centre အတွင်း ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီ မေ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း ကိုယ်လုံပညာ(လက်ဝှေ့)သင်တန်း တက်ရောက်နေသောကျောင်းသူ/သားများ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အသိပညာပေး ဟော ပြောပွဲ ပြုလုပ်ပေးကြောင်း သိရသည်။

၎င်းဟောပြောပွဲတွင် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက မြို့နယ်လူထုအခြေပြုဌာန (Community Centre)အတွင်း ဖွင့်လှစ်သင်ကြားနေသည့် နွေရာသီပန်းချီအခြေခံ(အခမဲ့) သင်တန်းသူ/သား(၃၁)ဦးတို့အား ကလေး အလုပ် သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အပိုင်းခြားများ၊ အလုပ်လုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၈)ရပ်၊ လူငယ်များနှင့်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍ၊ အလုပ်လုပ်ချိန်ကတ် သတ်ချက်များနှင့် ဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောကြားပေးသည်။

ထို့နောက် အသိပညာပေးမှုများနှင့်ပတ်သက်၍  ပြန်လည်ဆန်းစစ်မေးမြန်းပြီး မှန်ကန်စွာ ပြန်လည်ဖြေကြားနိုင်သည့် သင်တန်းသူ/သား (၃)ဦးတို့အား ဦးစီးအရာရှိဦး ထိန်ဝင်းက ဆုငွေများချီးမြှင့်ပေးကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ကို သင်တန်းသူ/သားများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)