ထားဝယ် မေ ၂၈
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ (အထက်တန်းနှင့်အလယ်တန်း)အဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)