တွန်းဇံမြို့၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တွန်းဇံ  နိုဝင်ဘာ  ၁၁

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူးတာဝန်ခံ ဒုရဲမှူးလှစိုးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

တွန်းဇံမြို့နယ်အတွင်း မဲရုံပေါင်း(၈၃)ရုံတွင် သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ ကျေးရွာအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊  ဆန္ဒပြုထားသည့် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ကျေးရွာမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိဘဲ ရောက်ရှိလာအောင် လုံခြုံရေး တာဝန်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ အထူးရဲများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများ က အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)