ရေဇွာမြို့ ပြည့်သူ့စာကြည့်တိုက်၌ ပုံပြောခြင်း၊ ကဗျာရွက်ဖတ်ခြင်း အစီအစဉ်များကို Online မှတဆင့် အပတ်စဉ်ရိုက်ကူးတင်ဆက်

ရေဇွာ      နိုဝင်ဘာ      ၁၁

ရေဇွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း စာကြည့်တိုက်ခေတ္တပိတ်ထားပြီး Online မှတဆင့် ပုံပြောခြင်း၊  ကဗျာရွတ်ဖတ်ခြင်းများကို အပတ်စဉ်တင်ဆက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တိုင်းလုံစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှရေးသားပြုစု သည့်" ညီညွတ်ကြမယ်"ဆိုတဲ့ပုံပြင်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း စာကြည့်တိုက် ခေတ္တပိတ်ထားသော်လည်း ကလေးသူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပုံပြောခြင်း၊ ကဗျာရွက်ဖတ်ခြင်းများကို ရေဇွာမြို့၊ ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် အပတ်စဉ် ရိုက်ကူး တင်ဆက်ပေးလျက် ရှိကြောင်းသိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)