တီးတိန် နိုဝင်ဘာ ၁၁
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ ကျေးရွာ (၆)ရွာ၌ မတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းကိုအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပုံစံသုံးမျိုးခွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ရာ ဆိုင်းဇံကျေးရွာတွင် ပုံစံ - ၁ (ကျပ် သိန်းသုံးရာ)မတည်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် မိုးနှောင်းအချိန် နေကြာစိုက်ပျိုးခြင်းလုပ်ငန်းသည် အထူးအောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
ဆိုင်းဇံကျေးရွာတွင် မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၈၇)ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်သူ(၁၂)ဦး၊ စုစုပေါင်းအသင်းဝင် (၁၁၀)ဦးရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှင်းနဲမ်းထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)