တနင်္သာရီ မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များနှင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ စာဖတ်ရှိန် မြင့်မားစေရေး၊ စာကြည့်တိုက်ကို အားကိုးတတ်လာစေရန် စသည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း အသိပညာပေး ဟောပြောပေးကြောင်း သိရသည်။
ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးထိန်ဝင်းက နွေရာသီ ကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းသူ/ သား (၂၀)ဦးတို့အား စာဖတ်ခြင်းဖြင့် အနည်းဆုံး ရရှိနိုင်မည့် အကျိုးကျေးဇူးများ(၁၀)မျိုး အကြောင်းကိုလည်းကောင်း၊ စာပေကို နေ့စဉ်မပြတ် ဖတ်ရှုခြင်းအားဖြင့် ရရှိနိုင်သည့် အဓိ ကကျသော အကြောင်းအရာများဖြစ်သည့် စိတ်ဓာတ်ကို လှုံ့ဆော်ပေးခြင်း၊ အသိပညာ ကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားလာခြင်း၊ စိတ်နူးညံ့သိမ်မွေ့လာ စေခြင်း၊ အတွေးအခေါ် အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စာပေအရေး အသားကောင်းခြင်း ၊စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ဗဟုသုတ အတွေ့အကြုံ ရရှိစေခြင်း၊ တီထွင်ကြံဆမှု အားကောင်းစေခြင်း စသည့် အကျိုးကျေးဇူးများအကြောင်းကို ပညာပေး ရှင်းလင်းဟောပြောပေးကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)