ရိခေါ်ဒါရ် နိုဝင်ဘာ ၁၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပ နိုင်ငံများမှ နေရပ်ပြန်လာသူ ၁၃ ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ ၁၃ ဦးတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ (Lawngtlai)မြို့သို့ သွားရောက် ခဲ့ရာမှ နေရပ်ပြန်လာသူများဖြစ်ကြပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine Centre ၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခြင်းဖြစ်ပြီး အဆိုပါ ၁၃ ဦးတို့အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို တီးတိန်မြို့သို့ ပေးပို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း၊ လက်ရှိအခြေအနေအထိ ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လက်ရှိ၌ အသွားအလာကန့်သတ်ခြင်း Facility Quarantine စောင့်ကြည့်ထားရှိသူ (၁၇)ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)