မတူပီ နိုဝင်ဘာ ၁၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင်မတူပီမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မတူပီမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်သက်ထွန်းက ဂုဏ်ပြုအမှာစကား ပြောကြား ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်မှ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှားများကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်သက်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဝင်း၊ ခရိုင်လဝက ဦးစီးမှူး ဦးစိုင်းသန်းလှိုင်နှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးခုပ်ဆောမ်းပြောင်တို့မှ ပေးအပ်ချီးမြှင့်ခဲ့ရာ အထူးရဲ တပ်ဖွဲ့ဝင်များက အသီးသီး လက်ခံရယူကြသည်။
မတူပီမြို့နယ်အတွင်း မဲရုံပေါင်း(၁၅၀)ရုံတွင် သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ ကျေးရွာအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒပြုထားသည့် မဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ကျေးရွာမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိဘဲ ရောက်ရှိလာအောင် လုံခြုံရေး တာဝန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)