မတူပီမြို့၌ ရောင်ပြန်(Sticker)များကပ်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မတူပီ  နိုဝင်ဘာ  ၁၁

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ အမှတ်(၁၀၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မတူပီမြို့)မှ ရဲအုပ် လန်အင်းခွါလ် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စန်ဘောင်လမ်းဆုံ၌ ရောင်ပြန် (Sticker)များ ကပ်ပေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မတူပီမြို့၌ မော်တော်ဆိုင်ကယ် စီးနင်းသူများ ပိုမိုများပြားလာသည်နှင့်အမျှ ပြည်သူများအား ယာဉ်အန္ဒရာယ်၊ လမ်းအန္ဒရာယ် ကင်းရှင်းစေရန်နှင့် ဆိုင်ကယ်စီးနင်းသူများအား အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကြရန်၊ နေ့အချိန် ရှေ့မီးအနိမ့် ဖွင့်မောင်းနှင်ရန်၊ နောက်ကြည့်မှန်များ တပ်ဆင်မောင်းနှင်ရန်၊ မူးရစ်ဆေးဝါးသုံးစွဲပြီး မမောင်းရန်နှင့် ညအချိန် ယာဉ်တိုက်မှု လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့စု ရဲအုပ်လန်အင်းခွါလ်ထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)