ပုလော မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူများအား ဆင်းသုခမျိုးစပါးထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ပုလောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်မှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးဝင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ အကျိုးဆောင်တောင်သူများအား မျိူးစပါးပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူ(၈၆)ဦးအား ဆင်းသုခမျိုးစပါး (၈၆)အိတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နီနီထွန်း(ပုလော)