ဖားကန့် နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ တောင်ယာရှင်တစ်ဦး ပိုင်ဆိုင်သော တောင်ယာခြံဝန်းအတွင်း ယနေ့နံနက် ၉ နာရီက လူတစ်ဦးမီးလောင် သေဆုံးနေကြောင်း သိရသည်။
သေဆုံးနေသူအား လုံးခင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ စစ်ဆေးရာ သေဆုံးသူမှာ နော့နော် (၁၈) နှစ်၊ လယ်ပြင်ကျေးရွာ၊ ရပ်ကွက်(၁)နေသူဖြစ်ပြီး ဦးခေါင်းတစ်ခုလုံးတွင် ထိုးသွင်းဒဏ်ရာများနှင့်အတူ မီးလောင်သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူအား သင်္ဂဟလူမှုကူညီရေး အသင်းကားဖြင့် လုံးခင်းတိုက်နယ်ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး လူသတ်တရာခံအား ဖမ်းဆီး ရမိရေး လုံးခင်းနယ်မြေရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)