ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေး

ကျောက်ဆည် မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယမန်နေ့ မွန်းလွဲ(၃)နာရီအထိ ငွေ (၁၂၀.၃၀) ကျပ်သန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးများ ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု (၅) အုပ်စု စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော တောင်သူများအား စပါး (၁) ဧကအတွက် ငွေ (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် (၅၄၆) ဧက၊ နှမ်းသီးနှံနှင့် ပဲတီစိမ်းသီးနှံ တစ်ဧကအတွက် ငွေ (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၇၃)ဧက၊ ချည်မျှင်ရှည်ဝါ (၁) ဧကအတွက် ငွေ (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၃၁၁) ဧက စုစုပေါင်း (၉၃၀) ဧက ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ သိရသည်။

သက်မောင်(ပြန်/ဆက်)