မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား နှာခေါင်းစည်း(Mask)များ တတိယအကြိမ်မြောက်ဖြန့်ဝေပေး

မန္တလေး နိုဝင်ဘာ ၁၂

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား နှာခေါင်းစည်း(Mask)များ တတိယအကြိမ်မြောက် ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်၁၁နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)၊ မန္တလေးတိုင်းရင်းဆေး တက္ကသိုလ်ရှိ အစည်းအဝေးခန်းမရှေ့တွင် ပြုလုပ်သည်။

နှာခေါင်းစည်း(Mask)များဖြန့်ဝေပေးခြင်းကို တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးဝင်းဟန်၊ မော်ကွန်းထိန်းဦးထွန်းမောင်တို့က တတိယကြိမ် မြောက် ဖြစ် တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများအား တစ်ဦးလျင် နှာခေါင်းစည်း(Mask) (၁၀)ခုနှုန်းဖြင့်ဖြန့်ဝေပေးရာ စုစုပေါင်း နှာခေါင်စည်း(Mask) (၂၁၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)