ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၂

ပြည်ကြီးတံခွန်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလရော်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ(၁၃၆)ဦးရှိပြီး ပိုးတွေ့သက်သာ ပျောက်ကင်း သူ(၅၉)နှင့်ပိုးတွေ့ကုသဆဲလူနာ (၇၇)ဦး၊ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ (၃၆၁)ဦး အား အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)