တနင်္သာရီ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရပ်ကွက်/ကျေးရွာ အသီးသီးတို့ရှိပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄)စုတို့အတွက် နိုင်ငံတော်မှ(စတုတ္ထ) အကြိမ်၊ ထောက်ပံ့ ငွေ(၂၀၀၀၀)ကျပ်စီအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းန်ိုင်နှင့် ဝန်ထမ်းများ၊ မောတောင်မြို့ အုပ်ချုပ်ရေးမှူးဦးအောင်ဇင်ထိုက်၊ ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု (၂၁)စု၊ စုစုပေါင်း(၂၆)စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ယခု(စတုတ္ထ)အကြိမ်၊ အိမ်ထောင်စုများကို ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နောက်အိမ် ထောင်စု(၈၆၈၄)စုအတွက်၊ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီဖြင့် စုစုပေါင်းငွေ (၁၇၃၆၈၀၀၀၀)ကျပ် အား ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ထံသို့လွှဲပြောင်းပေး အပ်ခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ၎င်းတို့ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု များထံ လက်ဝယ်အရောက် ဆက်လက်ပေး ထောက်ပံ့ပေး ကြမည်ဖြစ်ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၈၆၈၄)စုရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)