မတူပီ နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်းမှုဖြင့် အဖွဲ့ဝင်များ လိုက်ပါလျက် မတူပီ-မင်းတပ် မြို့အဝင်ဂိတ်၊ မတူပီ − ပလက်ဝလမ်းဂိတ်နှင့် မြို့ပေါ်လမ်းဆုံဂိတ်များတွင် ယမန်နေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါဂိတ်များတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ခရီးသွားပြည်သူများ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ မှတ်တမ်းကောက်ယူခြင်း ခရီးသွားပြည်သူများ၏ ဒေသခရီးသွား ထောက်ခံစာများ ပါမပါ စစ်ဆေးခြင်း၊ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေး အသိပညာပေခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ပညာပေးခြင်း၊ ဟောင်းနွမ်းသော နှားခေါင်းစည်း အသုံးပြု သူများကို အသစ်လဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုများတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျ ဌာနဆိုင်ရာ များက ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ထူးခြားမှုများရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)