ကျောက်ပန်းတောင်းမြို့တွင် မန္တလေးတိုင်ဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ

ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်၊ ယမန်နေ့ ညနေ(၅)နာရီအချိန်မှ စတင်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အချက်(၅)ချက်ပါ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကို၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် မြို့တွင်းလမ်းမကြီးများတစ်လျှောက် လှည့်လည် အသိပေး ကြေညာခဲ့ကြသည်။ အဆိုပါကြေညာချက် အပိုဒ်(၅)တွင် ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၁၀)ရက်နေ့တွင် အမိန့်အမှတ်(၁၄၇/၂၀၂၀)ဖြင့် ထပ်မံထုတ်ပြန်ခဲ့ ကြောင်း၊ အဆိုပါ ထုတ်ပြန်ထားရှိသည့် အမိန့်/ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် လူစုလူဝေးမပြုလုပ်ကြပါရန် မေတ္တာရပ်ခံ ပန်ကြား အပ်ကြောင်း ပါရှိသည်။

နေအောင်(ပြန်/ဆက်)