မချမ်းဘော့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အစီအစဉ်ဖြင့် ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

မချမ်းဘော့ နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) နှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာ (၇) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မလိခ ခန်းမဆောင်တွင် ကျင်းပသည်။

အခမ်းအနားတွင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း လုပ်ဆောင်ခဲ့သော မြစိမ်းရောင်၊ VDP၊ CFW စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေမျာကို ရှင်းလင်းပြီးနောက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် လုပ်ဆောင်မည့် လုပ်ငန်းများအား မချမ်းဘော့မြို့နယ်ရှိ ရွေးချယ် ခံရသည့် ကျေးရွာ (၇) ရွာအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မချမ်းဘော့ မြို့နယ်အုပ်ချုပ်မှူး ဦးပြည်သိမ်းနှင့် ဌာနဆိုင်ရာအကြီးရာ တက်ရောက်ခဲ့ ကြောင်း သိရသည်။

(မချမ်းဘော့ ပြန်/ဆက်)