ညောင်တုန်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၁၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၅)ကျောင်းတို့တွင် အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက်၊ ဒုတိယပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများမှ အခြေခံပညာကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေး၊ ကျောင်းတွင်း/ကျောင်းပြင်ပလုံခြုံရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)