ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအတွက် (စတုတ္ထအကြိမ်)ထောက်ပံ့ငွေများပေးအပ်

 

ဟိုပုံး    နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက် တစ်လှမ်း မှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်)ထောက်ပံ့ပေးလျှက်ရှိရာ နိုဝင်ဘာ ၁၁ ရက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေးနှင့် တာဝန်ရှိသူများက မြို့ပေါ်(၆)ရပ်ကွက်နှင့် နောင်ဒေးကျေးရွာအုပ်စု၊ ဆနင်းကျေးရွာအုပ်စု၊ မောက်မွန်းကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၇၆၄)စု၊ အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၅၂၈၀၀၀၀)ကို ထောက်ပံ့ပေး အပ်ခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)