ညောင်ရွှေမြို့နယ်အတွင်း (CERP)အစီစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း မိုးစပါးစံကွက်ရိတ်သိမ်း

 

ညောင်ရွှေ     နိုဝင်ဘာ     ၁၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း (CERP)အစီစဉ်အရ ရွှေရင်အေးစပါးမျိုး မျိုးစေ့ထုတ် စိုက်ခင်း မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို  နိုဝင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက တိလောကျေးရွာ အုပ်စု တောင်သူ ဦးစံပေါ် ကွင်းအမှတ်(၅)၊ ဦးပိုင်အမှတ် (၁၄/၃)၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာ ဝန် ရှိသူများက ကွင်းဆင်းဆောင်ရွက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုပျမ်းမျှအထွက်နှုန်း (၁၃၂)တင်း အခြောက် ပျမ်းမျှ အထွက်နှုန်း (၁၂၈) တင်းထွက်ရှိကြောင်းသိရှိရပြီး ယမန်နေ့ကဆောင်ရွက်ခဲ့သည့် ရွာသာကျေး ရွာအုပ်စု တောင်သူ ဦးသန်းဇော်ဦး ကွင်းအမှတ် (၁၉) ဦးပိုင်အမှတ် (၁၄) ရွှေအပ်စပါးမျိုး (SRI) စံပြ ကွက် မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအစိုပျမ်းမျှအထွက်နှုန်း (၁၂၅)တင်း အခြောက်ပျမ်းမျှ အထွက် (၁၁၂)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ