တန့်ယန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေး တာဝန် များကို ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပ ပေးအပ် ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉)အုပ်စု ရှိပြီး မဲရုံပေါင်း (၇၉)ရုံ ရှိရာ အဆိုပါ မဲရုံများ၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးထံမှ ပေးပို့ လာသော ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်က ဂုဏ်ပြုအမှာစကား ပြောကြား ကာ သင်တန်းမှူး ဒုတိယရဲမှူး မြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာကို အထူး ရဲ(၉၀)ဦးအား တစ်ဦးချင်းသို့ ချီးမြှင့် ပေးအပ် ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)