မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

မံစီ     နိုဝင်ဘာ     ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂ဝ၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ် သည့်ငွေများကို ယမန်နေ့ မွန်းလွဲ ၃  နာရီတွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ လွဲပြောင်း ပေးအပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် တို့က အမှာစကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ထောက်ပံငွေများကို ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ပြည်သူများလက်ဝယ် အရောက်ပေးအပ်သွားမည်ဖြစ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ရပ်ကွက်ကျေးရွာ အလိုက်တာဝန်များခွဲဝေကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း အိမ်ထောင်စု (၄၁၃၈) စုအတွက် ထောက်ပံ့ငွေစုစုပေါင်း(၈၂၇၆၀၀၀၀)ကျပ်ကို ထောက်ပံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)