မတူပီ နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထ အကြိမ် မြောက်ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့မှ စတင်၍ အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်၍ ထွေ/အုပ် ဝန်ထမ်းများနှင့် ရပ်ကျေး၊ အုပ်ချုပ်ရေးမှူးများက မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၂)အုပ်စု တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ (၄၄၉၄)အိမ်ထောင်စုကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မတူပီမြို့နယ် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၂)အုပ်စု ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုတစ် စုလျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ပြည်သူများထံ ရပ်ကျေးနှင့် အုပ်ချုပ်ရေးမှူးများမှတဆင့် ဆက်လက်၍ လိုက်လံထောက်ပံ့ပေးလျှက်ရှိကြောင်း မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန မှသိရသည်။
ခရိုင်(ပြန်/ဆက်)