ရေဇွာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရေဇွာ      နိုဝင်ဘာ         ၁၂

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ရေဇွာမြို့ ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင် ရွက်ခဲ့ကြသည်။ 

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံကြရာတွင် ကလေးများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ Hand Gel ဖြင့် လက်ဆေးခိုင်းခြင်း၊ လူထူထပ်မှု မရှိစေရန် တစ်ဦးချင်းစီခေါ်ပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက် ကျွေးရာတွင်  အသက်အရွယ်လိုက် အသည်းရောင်၊ ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်အသည်းရောင် အသားဝါ (ဘီ)ဦးနှောက်တီဘီ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက် ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးလုပ်ငန်းများကို ရေဇွာမြို့ ရပ်ကွက်(၄)ရပ်ကွက်အပြင် ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ကျေးရွာများတွင်လည်း လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)