တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းအတွက် ဆန်၊ ဆီနှင့် အလှူငွေများ လာရောက်လှူဒါန်း

တန့်ယန်း  နိုဝင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအား မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများတို့က ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် '''' စာပေနှင့်ယဉ်ကျေးမှုက ဆန်၊ ဆီနှင့် အလှူငွေ လာရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်နေကြရာ ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်၍ ပြန်လည် ရောက်ရှိလာသူများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာများမှ ပြန်လာသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်းတွင် စားရေးသောက်ရေး အဆင်ပြေစေရန်အတွက် '''' စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဆန် ()အိတ်၊ ဆီ()ပုံးနှင့် အလှူငွေ(နှစ်)သိန်းကျပ်တို့အား လာရောက်လှူဒါန်းခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး (ပြန်/ဆက်)