ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ဇလွန်  နိုဝင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊  ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အငြိမ်းစားဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက်ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်း၊ ဝန်ထမ်းများ အားအမှတ်တရ တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)