မိတ္ထီလာ နိုဝင်ဘာ ၁၂
မိတ္ထီလာခရိုင်၌ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း( VDP )ကို ကျေးရွာပေါင်း၆၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မြင့်ဝင်းထံ က သိရသည်။
မိတ္ထီလာခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ကို ကျေးရွာပေါင်း ၆၅ ရွာမှာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ မြို့နယ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ဆောင်ရွက်မယ့် ကျေးရွာအရေအတွက်ကတော့ မိတ္ထီလာမြို့နယ်မှာ ကျေးရွာ ၂ဝ ရွာ ၊ မလှိုင်မြို့နယ်မှာ ကျေးရွာ ၁၅ ရွာ ၊ ဝမ်းတွင်း မြို့နယ်မှာ ကျေးရွာ ၁၅ ရွာ ၊ သာစည် မြို့နယ်မှာ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ၆၅ ရွာ ဖြစ်ပါတယ် ဟု ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ပြောသည်။
မိတ္ထီလာခရိုင်အတွင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ( VDP ) ကို ကျေးရွာပေါင်း ၆၅ ရွာအပြင် မြစိမ်းရောင် စီမံကိန်းကျေးရွာ စီမံကိန်းကိုလည်း တစ်မြို့နယ်တွင် ကျေးရွာနှစ်ရွာ ရွေးချယ်၍ မိတ္ထီလာ၊မလှိုင် ၊ ဝမ်းတွင်း ၊ သာစည်မြို့နယ်များတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ ( ပြန်/ဆက်)