ကွန်ဟိန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုအလိုက် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ Stay At Home မြို့နယ်ပြင်ပတွင်ရှိသည့် အိမ်ထောင်စုအလိုက် တစ်စုလျှင် ငွေ(၂၀၀၀၀)ကျပ်အား ထောင်ပံ့ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါ ပေးအပ်ခြင်းတွင် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၂၀၁၁)စုအား ပေးအပ်သွားမည်ဖြစ်ပြီး အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက်ပေးအပ်နိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဖွဲ့ခွဲကာ အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နန်းပြည့်စန္ဒီမြင့် (ပြန်/ဆက်)