လင်းခေး နိုဝင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ပေးအပ်မှုများအား လင်းခေး မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများအား ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်သန်ဇော်ဦးဆောင်၍ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
လင်းခေးမြို့နယ်တွင် ရပ်ကွက်(၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၆၆)စုအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၇၃၂၀၀၀၀) ကျပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)