မိုင်းပန်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ ငွေ များပေးအပ်

 

မိုင်းပန် နိုဝင်ဘာ ၁၂

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေး အပ်ခြင်း ကို ယနေ့နံနက် (၇)နာရီကစတင်၍ တာဝန်ရှိသူများက ရပ်ကွက် နှင့်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထောက်ပံ့ပေးလျက်ရှိ‌ေကြာင်း သိရသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေး၀န်ထမ်းများ၊ တာ၀န်ရှိသူများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စု အတွင်းရွိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၈)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၃၆၀၀၀၀) ကျပ်အား ကာယကံရှင်များ၏ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ ပေးလျက်ရှိ‌ေကြာင်းသတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)