ရွှေကူ နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း က ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများက ရွှေကူမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့ခွဲကာ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစား အိမ်ထောင်စု(၇၃၄၄)စုအတွက် အိမ်ထောင်စု တစ်စုလျှင်(၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၄၆,၈၈၀,၀၀၀)ကျပ်အား မြို့နယ်အတွင်းရှိ ကျေးရွာများ အရောက် အိမ်ထောင်စု များကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)