ရန်ကုန်တိုင်းဒေသကြီးမှငွေဆောင်မြို့သို့ ပြန်လည်ရောက်ရှိလာသည့်နေရပ်ပြန်(၃)ဦးအား Facility Quarantine Centre သို့ပို့ဆောင်

ငွေဆောင်   နိုဝင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့  ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဝင်ရောက် လာသူနေရပ်ပြန်(၃)ဦးအား မြတ်ဒါနလူမှုကူညီရေးအသင်းမှ ပန်ဒိုင်စစ်ဆေးရေးဂိတ်တွင် သွားရောက် ခေါ်ဆောင်ပြီး အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre သို့ ယနေ့နံနက် ၈ နာရီချိန်က ထားရှိပြီးကြောင်း သိရသည်။

အဆိုပါ Facility Quarantine Centre သည် ရန်ကုန်တိုင်းဒေသကြီးနှင့်ရောဂါအဖြစ်များသော ဒေသများမှ ငွေဆောင်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက် လာသူများ ထားရှိရန် ဆောင်ရွက်ထား ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ယခုပြန်လည်ဝင်ရောက်လာသူ (၃)ဦး အပါအဝင်(၁၄)ဦး ရှိကြောင်း၊ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မူမူသွင်(ပြန်/ဆက်)