ဆွမ်ပရာဘွမ် နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ ဆိုးကျိုးသက်ရောက်မှု များကို ဖြေလျှော့နိုင်ရန် ထုတ်ပြန်ထားသည့် “ အားလုံးတစ်ပေါင်းတည်းကျော် လွှားခြင်း ကိုဗစ်-၁၉ စီပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် ( COVID – 19 Economic Relief Plan-CERP)” ပါ လုပ်ငန်းစဉ်များအရ အခြေခံစားကုန် (၅) မျိုး၊ ထောက်ပံ့ငွေ (၃) ကြိမ်ပေးအပ်ခဲ့ပြီး ယခုအကြိမ် စတုတ္ထအကြိမ် ထောက်ပံ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက တက်ရောက်လာကြသော မြို့ပေါ် (၃) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စု (၃၉) စုအား တစ်အိမ်ထောင်လျှင် ကျပ်(၂၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းငွေ (၇၈၀၀၀ဝိ/-) ကို အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ကျေးရွာ (၁၂) အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသောအခြေခံ လူတန်းစား အိမ်ထောင်စု (၁၂၆) စုအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)