မတူပီ နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက မတူပီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးရှေ့၌ ကျင်းပကြောင်း သိရသည်။
ယင်းဖွင့်ပွဲတွင် အမျိုးသားလွှတ်တော်အမတ် ဦးလားလ်မင်းထန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် ကျော်နှင့် ခရိုင်အားကစားမှူးဦးရှီးမွန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းကြသည်။
အဆိုပါအဆောက်အအုံကို (၂၀၁၉ − ၂၀၂၀)ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် သန်း(၃၉.၂၀၀)ဖြင့် (၁၉.၂.၂၀၂၀)ရက်မှစ၍ ထန်ဘေးမိသားစုကုမ္ပဏီမှတာဝန်ယူ ဆောက်လုပ်ခြင်းဖြစ် ကြောင်း၊ အဆောက်အအုံအတိုင်းအတာမှာ(အလျား၄၂ပေ၊ အနံ၂၂ပေ၊ အမြင့် ၁၁ပေ) ဖြစ်ပြီး RCC တစ်ထပ်အမျိုးအစားဖြစ်ရာ (၂၀.၇.၂၀၂၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးမှူး ဦးရှီးမွန်ထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)