သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား GAP လက်မှတ်ပေးအပ်

သီပေါ  နိုဝင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊မန်ဟဲကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သော နားခဲကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူများအား GAP လက်မှတ်ပေးအပ်သည့် အခမ်းအနား ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးထွန်းမင်းဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices) GAP ဆိုသည်မှာ          စိုက်ပျိုးထုတ်လုပ်စဉ် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရေး၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေး အတွက်ရည်ရွယ်ပြီး ထည့်သွင်းဆောင်ရွက်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်များ ဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စိစစ်ချက် ၁၆ချက်နှင့် ကိုက်ညီသည့် စိုက်ပျိုးသီနှံခြံများကို  မြန်မာ့(GAP) အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးစပါး စိုက်ဧက (၁၀၀) အတွက် နားခဲကျေးရွာမှ တောင်သူများ(၄၈)ဦးအား GAPအသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)