ကာလိ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ပြည်သူများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ်(၂)နာရီအချိန်ခန့်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်ထောက်ပံ့ခဲ့ရာ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟက အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် (၂)သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၃၆)စုတို့အား လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရရှိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)