ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စု (၅၁၈၂၆) စု အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၂

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် စတုတ္ထအကြိမ် ထောက်ပံ့ငွေ များအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခြင်းကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအား နိုဝင်ဘာ ဒုတိယအပတ်တွင် လှည့်လည်ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ရပ်ကွက်များအား အိမ်တိုင်ရာရောက်သွားရောက်ကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၈) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၅၁၈၂၆) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀၃၆၅၂၀၀၀၀) အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)