ပင်လောင်း နိုဝင်ဘာ ၁၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားဆေးဝါး ဥပဒေ ၁၉၉၂၊ ၂၀၁၄ အပိုဒ်(၁၅)(က)ပါ မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်ထားသော ဆေဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ်ပြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုပ်လုပ်ထားသော ဆေးဝါးများ၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် စပ်ဆေးတွဲများ ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါး ရောင်းချသည့် နေရာအကျယ်အဝန်း၊ သင့်လျှော်သောအလင်းရောင် လေဝင်လေထွက် ကောင်းမွန်မှု ရှိ/မရှိနှင့် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ခွန်အာကာစိုး (ပင်လောင်း)