ပလောက်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပလောက် ဇွန်   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊  အ.ထ.က(ပလောက်)ကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ အမှတ်(၁၂)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်နှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ အ.ထ.က (ပလောက်)ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား ၅၀ ပင်၊ ခရေပင် ၅ပင်၊ အုန်းပင်  ၈၀ ပင်၊ မဟော်ဂနီပင် ၅ ပင်၊ စုစုပေါင်း (၁၄၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)