ဟားခါး၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၀၂)စုတို့အား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ဟားခါး       နိုဝင်ဘာ      ၁၂

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် ကျေးရွာအုပ်စု (၂၉)အုပ်စု စုစုပေါင်း (၃၉)နေရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၇၀၂)စု တို့အတွက် ငွေကျပ် (၅၄၀၄၀၀၀၀)အား တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် စတုတ္ထအကြိမ်ထောက်ပံ့ပေး လျက်ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)