တီးတိန်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်

တီးတိန်  နိုဝင်ဘာ  ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်သည်။

ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် ခိုင်ကမ်းမြို့အပါအဝင် အိမ်ထောင်စု(၇၀၈၇)စု အတွက် တစ်အိမ်ထောင်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၄၁၇၄၀၀၀၀/-ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)