ချီဖွေ နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်တွင်ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော မြို့နယ်အဆင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးညွန့်ဆွေက ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်စေရေး၊ ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များဝိုင်းဝန်း ဆွေးနွေး ပေးစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များက မြို့အဝင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်အတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်း လုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ ညစဉ်လှည့်ကင်းများ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းများ၊ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက် ပါကတည်ဆဲ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပေဒများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း လူစည်ကားနေရာများသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကော်မတီမှ လှည့်လည်အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်စေဖို့ ညှိုနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရှိ ရသည်။
နန်းမြင့်(ပြန်/ဆက်)