ရွာသစ် နို၀င်ဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့ သံလွင်မြစ်ကမ်း စွပ်ပိုင်အနီးတွင် တာဆန်းလဲ ရှေးဟောင်းစေတီ ကပ်ကျော်လဘ်ခေါ်စေတီအား ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ယနေ့ နံနက်ပိုင်းက ဒေသခံ ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်မြို့ ဒေသခံ ပြည်သူများ စုပေါင်း၍ စေတနာရှင်များနှင့်အတူ ရွာသစ်မြို့ ရှေးဟောင်း ကပ်ကျော်လဘ်ခေါ်စေတီအနီး ပတ်၀န်းကျင်တွင် ရှေးဟောင်းစေတီ ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် မြက်များ ရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ စွန့်ပစ်ခြင်း စသည့် လုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)