တနင်္သာရီ ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော် ကျော်ခေါင်၊ တနင်္သာရီမြို့နယ်၊ စရတ (ကရခ) ခွဲ(၂) စု(၃) တပ်စုမှူး ဒုအရာခံဗိုလ်မောင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် (မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်) ဘဒ္ဒန္တဇောတိက အားဖူးမျှော်ကြည်ညို၍ ၂၄-ပြည်ဝင် ဆွမ်းဆန် (၅) အိတ်၊ စားဆီ ၁၀-ပိဿာဝင် (၁) ပုံး၊ စုစုပေါင်းကာလတန်ဖိုးငွေ (၄၉၀၀၀၀) ကျပ်ကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက လှူဒါန်းမှု အား ဝမ်းမြောက်နုမော် သာဓ (၃) ကြိမ်ခေါ်ဆိုပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အန္တရာယ်ကင်းဘေးရှင်းစေကြောင်း သြဝါဒစကားများမြွတ်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ဦးပရိယတ္တိစာသင်တိုက်အတွင်း လက်ရှိတွင် နာယကဆရာတော် ၁ ပါး၊ သံဃာတော် ၈ပါး၊ စာသင်သား ရှင်သာမဏေ ၃၁ ပါးနှင့် ကျောင်းသား ၁၄ ယောက်၊ အားလုံး စုစုပေါင်း ၅၄ ပါးရှိကြောင်း မြို့ဦးကျောင်းတိုက်ဆရာတော်ထံက သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)