ပုလော ဇွန် ၁၃
ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လမ်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်းကျား ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများ၊ မိုးရေနှင့် ရေဆိုး၊ ရေညစ်မရှိစေရေး၊ ခြင်နှင့်လောက်လမ်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)