သရက်ချောင်း ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များမှ မြို့မရပ်ကွက်ရှိ တောင်သူ(၁၉)ဦး၊ တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက(၁၀၄)ဧကအတွက် ချေးငွေကျပ်(၁၅၆)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာ(၂၀)ရွာကို ထုတ်ချေးပေးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လအတွင်း မြို့ပေါ်ရပ်ကွက်ရှိ တောင်သူများကို ထုတ်ချေးပေးရန်စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံ ဒေါ်ကျော့ကျော့မိုးထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)